Things to Avoid in Workplace

မိမိရွေးချယ်ထားတဲ့ Career မှာ Professional Life တစ်ခု ဖန်တီးချင်တယ်ဆိုရင် ဒီအချက်တွေ မလုပ်သင့်ပါဘူးနော်…
❌ဘက်လိုက်ခြင်း (သို့) ခွဲခြားဆက်ဆံခြင်း
လက်အောက်ငယ်သားကိုဖြစ်စေ၊ မိမိလုပ်ဖော်ကိုင်ဖက် အချင်းချင်းကိုဖြစ်စေ လုပ်ငန်းခွင်အတွင်း ဘက်လိုက်ပြီး ခွဲခြားဆက်ဆံခြင်းကမလိုလားအပ်တဲ့ ပြဿနာများကို ဖြစ်စေပါတယ်။ ဒါ့အပြင် လူမျိုး၊ ဘာသာ နှင့် လိင်စိတ်တိမ်းညွှတ်ခြင်းများအပေါ်ခွဲခြားဆက်ဆံခြင်းက မိမိ Image ကိုလည်းထိခိုက်စေနိုင်တဲ့ အပြင် ခွဲခြားဆက်ဆံခံရသူအနေနဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လာနိုင်ပါတယ်။
❌Personal life နှင့် Professional life ကို ခွဲခြားထားခြင်း မရှိခြင်း
Personal Life ကအကြောင်းအရာတွေ၊ ခံစားချက်တွေကို လုပ်ငန်းခွင်အတွင်း မယူဆောင်လာသင့်ပါဘူး။ မိမိရဲ့ မိသားစုပြဿနာများ၊ အချစ်ရေး၊ လူမှုရေး အစရှိတဲ့လုပ်ငန်းခွင်နှင့် မသက်ဆိုင်သော အရာများကို မိမိရဲ့ Professional Life ထဲကို ယူဆောင်လာပါက နောက်ဆက်တွဲအနေနဲ့ ဆိုးကျိုးတွေရှိလာနိုင်လို့ ရှောင်ကျဉ်သင့်ပါတယ်
❌မဟုတ်မမှန် သတင်း၊ အတင်း များပြောဆိုခြင်း
လုပ်ငန်းခွင်မှာ အတင်းပြောတာ၊ မဟုတ်မမှန် မသေချာတဲ့ သတင်းတွေ ပြောဆိုမျှဝေခြင်းကလည်း လုပ်ငန်းတွင်းမိမိပုံရိပ်ကို ထိခိုက်စေပြီး မကောင်းသောအကျိုးဆက်တွေ ဖြစ်လာနိုင်ပါတယ်
❌အလွန်အကျွံ Complain တက်ခြင်း
မိမိလုပ်ဆောင်ရမယ့် Task များအပေါ်လိုအပ်တာထက်ပို၍ Complain တက်ခြင်းကလည်း Professional မဆန်တဲ့ လုပ်ရပ်တစ်ခုဖြစ်သွားနိုင်ပါတယ်။ အလွန်အကျွံ Complain မတတ်ဘဲ မိမိရဲ့ အဆင်မပြေမှုတွေကို ပွင့်ပွင့်လင်းလင်းထုတ်ပြောပြီး ဖြေရှင်းချက်ရှာခြင်းက Professional Career တစ်ခုတည်ဆောက်တဲ့အခါ ပြုလုပ်သင့်တဲ့ အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။
❌လုပ်ငန်းခွင်နှင့် မသင့်လျော်သော ဝတ်စားဆင်ယင်မှု
ခေတ်ရေစီးကြောင်းအလိုက် fashion အမြင်များကျယ်ပြန့်လာသည်နှင့် အမျှ ဝတ်ပုံစားပုံများကလည်း တဆင့် မြင့်လာပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်လာတဲ့အခါ လုပ်ငန်းခွင်တဲ့ကိုက်ညီတဲ့ ဝတ်စားဆင်ယင်မှုဝတ်ဆင်ခြင်းကလည်း ကိုယ့်ရဲ့ Professional Life ကို ကောင်းမွန်တဲ့ပုံရိပ်ထင်ဟပ်စေပါတယ်။
❌မိမိလုပ်ရပ်များအတွက် တာဝန်ယူမှုမရှိခြင်း
လုပ်ငန်းခွင်အတွင်း မိမိကြောင့် အမှားတစ်စုံတစ်ရာရှိလာခဲ့ပါက တာဝန်ယူတတ်ရပါမယ်။ မိမိအနေနှင့် ကိုင်တွယ်ရန်ခက်ခဲသော ကိစ္စရပ်များအတွက် အလွန်အကြူး ကတိကဝတ်ပြုခြင်းများ ကိုလည်းယခင်ထဲကရှောင်ကြဉ်သင့်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုများက Professional Life တစ်ခုတည်ဆောက်ရာမှာအရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်
လုပ်ငန်းခွင်မှာ အမှတ်မထင်လုပ်မိတတ်တဲ့ သတိထားစရာ အချက်လေးတွေကိုပြောပြပေးသွားတာဖြစ်ပါတယ်။
Send message via your Messenger App
Scroll to Top