ကျန်းမာပျော်ရွှင်တဲ့ လုပ်ငန်းခွင်တစ်ခုတည်ဆောက်ရာမှာ Employee well-being ကဘာကြောင့် အရေးကြီးတာလဲ?
💡ကျန်းမာပျော်ရွှင်ဖွယ်ကောင်းတဲ့ လုပ်ငန်းခွင်တစ်ခုကို တည်ဆောက်ထားနိုင်မှ ဒီလုပ်ငန်းခွင်အတွင်းက ဝန်ထမ်းတွေအနေနဲ့ ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်ငန်းတိုးတက်ဖို့ကို အာရုံစိုက်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ 👉ဒီလို ကျန်းမာပျော်ရွှင်တဲ့ လုပ်ငန်းခွင်တစ်ခုတည်ဆောက်ရာမှာ Employee well-being ကလည်း အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အရင်ဆုံး Employee well-being ဆိုတာဘာလဲ❓ ➡️Employee well-being ဆိုတာ ဝန်ထမ်းများရဲ့ ခံစားချက်များ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး(Mental Health)၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေ (Physical Health)၊ စီးပွားရေး အစရှိတဲ့ အရာတွေကို အထူးဂရုစိုက်ပေးခြင်းတို့ပဲ ဖြစ်ပါတယ်။ ➡️ဝန်ထမ်းတွေရဲ့ ခံစားချက်တွေကို ဂရုတစိုက်နားထောင် ဖြေရှင်းပေးခြင်းကလည်း ကောင်းမွန်တဲ့လုပ်ငန်းခွင်တစ်ခု ဖန်တီးနိုင်ခြင်းပဲဖြစ်ပါတယ်။ ➡️ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်လည်း Wellness program များပြုလုပ်ပေးခြင်း၊ Fitness Class များ၊ Stress Management […]