🌟Hard Skills နဲ့ Soft Skills အကြောင်းတစေ့တစောင်း🌟
ဒီနေ့တော့ Hard Skills ဆိုတာ ဘာလဲ
Soft Skills ဆိုတာ ဘာလဲ ကို ပြောပြပေးသွားပါမယ်။
✅Hard Skills ဆိုတာ ဘာလဲ
Hard Skills ဆိုတာကတော့ Education တွေ၊ Training တွေ၊ ဘာသာစကားတက်မြောက်မှုတွေဖြစ်ပါတယ်။ သိလွယ်မြင်လွယ်ပြီး အများစုမှာရှိတတ်တဲ့ Skill ဖြစ်ပါတယ်။
✅Soft Skills ဆိုတာ ဘာလဲ
Soft Skills ဆိုတာကတော့ လူတိုင်းမှာ ရှိထားသင့်တဲ့ Personal Traits တွေဖြစ်ပါတယ်။သင့်ကို ထိပ်ဆုံးရောက်အောင် ပို့ပေးနိုင်တဲ့ Skills လို့ပြောရင်လည်းမမှားပါဘူး။
Soft Skills တွေဟာဆိုရင် Communication Skills, Problem Solving Skills, Negotiation Skills, Leadership Skills, Decision-Making Skills, Interpersonal Skills, Management Skills အစရှိတဲ့ Skills တွေပဲဖြစ်ပါတယ်။
သင်က Hard Skills ရှိရင် အလုပ်တစ်ခုရနိုင်ပြီး Soft Skills ရှိရင်တော့ ထိပ်ဆုံးထိရောက်နိုင်ပါတယ်။
Hard Skills ရှိအောင် အချိန်အကြာကြီးပေးပြီး လုပ်ယူရပေမယ့် Soft Skills ကိုတော့ အချိန်နဲ့အမျှ ကြိုးစားလေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။
ဒီ Hard Skills နဲ့ Soft Skills တွေကို အလုပ်တွေလျှောက်တဲ့အခါမှာလည်း မိမိရဲ့ CVs formမှာ ထည့်ရေးလို့ ရတဲ့အတွက် မိမိရဲ့ Career လမ်းကြောင်းမှာ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့ဆို ဒီ Skills တွေကို အမြဲတမ်းဖြည့်ပေးနေဖို့လိုအပ်ပါတယ်။
#Ammon_Consulting_Myanmar #HardSkills #SoftSkills