ခုလို Digital AI ခေတ်ကြီးမှာ HR တွေအနေနဲ့ လုပ်ငန်းတွင်း Process တွေ လျှင်မြန်ချောမွေ့ပြီး Effective ဖြစ်ဖြစ်လည်ပတ်နိုင်ဖို့ Digital ပိုင်းကိုလည်း ပိုင်နိုင်နေဖို့ လိုအပ်ပါတယ်။
ဒီနေ့တော့ HR နဲ့ Digital ကြား လုပ်ငန်းတိုးတက်မှုအတွက် ဘယ်လို ဆက်နွယ်နေသလဲ ဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

Digital ကို အသုံးပြုပြီး Branding လုပ်ခြင်းဟာ ကုန်ကျစရိတ်သက်သာပြီး ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိနိုင်ပါတယ်။ကိုယ့်ရဲ့ Brand ကို လူများများစီရောက်အောင် ကြော်ငြာထားမယ်ဆိုရင် Recruitment လုပ်တဲ့အခါမှာ Employer Branding က ကောင်းနေစေမှာဖြစ်ပါတယ်။

HR တွေအနေနဲ့ ဝန်းထမ်းရှာဖွေရာမှာ အရင်လို Traditional Way တွေအတိုင်း ရှာဖွေနေမယ့်အစား Professional Site တွေဖြစ်တဲ့ LinkedIn, Facebook, Facebook groups အစရှိတဲ့ ကိုယ်ရှာချင်တဲ့နယ်ပယ်က သူတွေ များများရှိမယ့် Social Media Channelကို ရွေးချယ်ပြီး ရှာဖွေနိုင်ပါတယ်။
JD , JR ရေးတဲ့နေရာမှာလည်း Position တစ်ခုကို ကိုယ်တိုင်အစအဆုံး ဖန်တီးဖို့ခက်ခဲနေရင် Chat GPT ကဲ့သို့သော AI Tool တွေအကူအညီနဲ့ ရေးနိုင်ပါတယ်။

လုပ်ငန်းတွင်းဝန်းထမ်းတစ်ယောက်နဲ့တစ်ယောက်၊ HR နဲ့ဝန်ထမ်းများကြား Communication ကောင်းစေဖို့ နဲ့ Keep in touch ဖြစ်နေစေဖို့ လွယ်ကူလျှင်စွာနဲ့ ပြောဆိုဆက်ဆံလို့ရမယ့် Viber, Whatsapp, Email အစရှိတဲ့ Digital Tool တွေကို ကောင်းမွန်စွာ အသုံးပြုနိုင်ဖို့လိုပါတယ်။

လုပ်ငန်းတွင်း ဝန်းထမ်းများအရည်အသွေးတိုးတက်လာစေဖို့လိုအပ်တဲ့ HR Training ပေးတဲ့အခါမှာလည်း Powerpoint ပြင်တာတွေ၊ Projector အသုံးပြုတာတွေ၊ Prowerpoint ပြင်ဖို့ လိုအပ်တဲ့ စာတွေရှာဖတ်တာတွေအတွက် Canva, Microsoft Powerpoint, Google Slide, Google အစရှိတာတွေ ကို ကျွမ်းကျွမ်းကျင်ကျင်အသုံးပြုတတ်ပါက လွယ်ကူလျှင်မြန်ပြီး ကောင်းမွန်တဲ့ Training တွေ ပေးနိုင်မှာဖြစ်ပါတယ်။
HR Professional တစ်ယောက်အနေနဲ့ ရပ်တည်တော့မယ်ဆိုရင် HR တစ်ယောက်လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကို Effective ဖြစ်ဖြစ်နဲ့ ခေတ်နဲ့အညီ ရင်ဘောင်တန်းဆောင်ရွက်တိုင်ဖို့ ခုလို Digital ပိုင်းကိုလည်း သိနေဖို့လိုအပ်ပါတယ်။
ဒါကြောင့် ကိုယ်က HR ပိုင်းမှာလည်း နောက်ကျမကျန်ခဲ့ရလေအောင် Digital ပိုင်းသေသေချာချာအသုံးပြုတတ်အောင် Youtube မှာ Video ရှာပြီးလေ့လာတာပဲဖြစ်ဖြစ်၊ သင်တန်းတတ်တာပဲဖြစ်ဖြစ် ပြုလုပ်ပြီး Skill Up လုပ်လိုက်တော့နော်။