Unexpected Payroll Mistakes for HR

မထင်မှတ်ပဲ မှားတတ်သော Payroll အမှား များ


လစာတွက်ချက်ပေးနေသော HR များ အနေဖြင့် တစ်ခါတစ်ရံမှာ မထင်မှတ်ပဲ အကြောင်းအမျိူးမျိူးကြောင့် အမှားများ တွေ့နိုင်ပါတယ်
ဒါဆိုဘယ်လို အမှားတွေက မှားနေကြလဲ ဘယ်လိုပြင်ဆင်ဆင်သင့်သလဲကို ဖတ်ကြည့်လိုက်ကြရအောင် 

လစာနှင့် သက်ဆိုင်သည့် ဥပဒေများအား သေသေချာချာ မသိခြင်း

အနည်းဆုံးလုပ်ခ လစာ သတ်မှတ်ချက်နှင့် နေ့စား၊ ပုတ်ပြတ်၊ အမြဲတမ်း ဝန်ထမ်းများ၏ လစာသတ်မှတ်ချက်၊ တွက်ချက် ထုတ်ပေးရမည့် ပုံစံများ
OT ကြေး ပေးရမည်ဆိုပါက တွက်ချက်ရမည့် သတ်မှတ်ပုံစံများ၊

ဖြတ်တောက်ခွင့်ရှိသော ခွင့်အမျိုးအစားနှင့် ဖြတ်တောက်ခွင့်မရှိသော ခွင့်အမျိုးအစားများ၊

လစာထဲမှ နှုတ်ယူဖြတ်တောက်နိုင်သည့် သတ်မှတ်ချက်၊ ဒဏ်ကြေးနှင့် လိုက်နာရမည့်စည်းကမ်းများ၊

အခြား လူမှုဖူလုံရေးကြေး၊ လစာဝင်ငွေခွန်နှင့် လစာ (အခကြေးငွေ) ပေးချေရမည့် နည်းလမ်းနှင့်သတ်မှတ်ချက်ပုံစံများအပြင်

ဥပဒေနှင့်မဆိုင်သည့် Company မှသတ်မှတ်ထားသည့် အခြားအကျိုးခံစားခွင့်များ
စသည့်အချက်အလက်များစွာအား သတ်မှတ်ဥပဒေများနှင့်အညီ လိုက်နာဖို့လိုအပ်ပါတယ်။

Attendance တိတိကျကျမရခြင်း
အလုပ် လာရဲ့သားနှင့် attendance မဝင်မိလို့ ဆိုတဲ့ complain တွေကို HR တိုင်းကြုံတွေ့နေရပါတယ်။
Fingerprint or manual attendance ထားသော်လည်း စနစ်တကျ မရှိခြင်းကြောင့် daily attendance မလုပ်နိုင်ခြင်း ၊ ဒီလိုမျိူးမဖြစ်အောင် Policies & Procedures တွေကို တိတိကျကျလေး သက်မှတ်ထားသင့်ပါတယ်။

ဝန်ထမ်းများ၏ အချက်အလက်များ မှားထည့်ခြင်း
နာမည် စာလုံးပေါင်းမှားခြင်း ၊ bank account number မှားခြင်း ၊ သက်ဆိုင်သော bank account မသုံးခြင်း တို့ကြောင့် လစာထုတ်သော အချိန်ဖြစ်စေ ၊ လစာ လွှဲသောအချိန်ဖြစ်စေ အတော်လေး ကမောက်ကမ ဖြစ်ရပါတယ်။

Documentation/Data များ မှားခြင်း
ခွင့်ယူထားသော ဝန်ထမ်းတွေမှာ လစာပြည့်ခွင့် ၊ လစာမဲ့ခွင့် အစရှိသော Data များကို ရှင်းရှင်းလင်းလင်း မလုပ်ထားပါက Payroll ရက်တွေမှာ အခက်အခဲ ကြုံတွေ့ရနိုင်ပါတယ်။

ဒါကြောင့် leave balance ကိုလည်း လစဉ် update လုပ်ဖို့မမေ့အောင် ဂရုစိုက်ပေးပါ။
အစိုးရ ရုံးဌာနများသို့ သွားရတဲ့အခါ Employee information များကိုလည်း Hard copy သာမက Soft copy ကိုပါ အရန်သင့် backup ထားသင့်ပါတယ်။

ဥပမာ ဝန်ထမ်းအကျိုးခံစားခွင့်အတွက် အစိုးရရုံးဌာနများသို့ အချက်အလက်များပေးရတဲ့ခါ Hard copy typing မှားနေတဲ့အခါမျိူးတွေမှာဆိုရင် Soft copy backup ထားရှိမှသာ အစိုးရုံးများအတွက် information ပေးတဲ့အခါအလွယ်တကူထုတ်ပေးနိုင်မှာဖြစ်ပါတယ်။

ဝန်ထမ်းများ၏ လစာတွက်ချက်မှု့ ပိုင်းဆိုင်ရာ ပိုင်းဆိုင်ရာ အခက်အခဲများ ကြုံတွေ့နေရပြီဆိုရင် Ammon မှ တာဝန်ယူ ကူညီဆောင်ရွက်ပေးပါရစေ
Ammon မှ ဝန်ဆောင်မှု့ ပေးနေသော Payroll Outsourcing Service တွင်

မြန်ဆန်တိကျစွာဖြင့် Payroll Calculation များ ဆောင်ရွက်ပေးခြင်း

လစာများအား သက်မှတ်ရက်အတွင်း ဝန်ထမ်းများ၏ bank account များသို့ ထည့်သွင်းပေးခြင်း

လူမူဖူလုံရေးကြေး၊ ဝင်ငွေခွန် များအား Ammon Consulting (Myanmar) ၏ Payroll Team မှ အစိုးရ ဌာနဆိုင်ရာရုံးများသို့ လူကြီးမင်းသို့ ကုမ္ပဏီ ကိုယ်စား သွားရောက် ပေးဆောင်ခြင်း
Payroll , Pay Slip, SSB/ Income Tax Reports အမျိူးမျိူးအား ပေးပို့ခြင်း အစရှိသည့် ဝန်ဆောင်မှု့များကို လူကြီးမင်း ကိုယ်တိုင်ဖြစ်စေ ၊ HR Department မှ လှည့်ကြည့်စရာ မလိုလောက်အောင် Ammon မှ ဝန်ဆောင်မှု့ပေးနေဖြစ်ပြီး
ဝန်ထမ်းများ၏ SSB/Income Tax များအား သက်ဆိုင်ရာ Government Office များသို့ ပေးဆောင် ပေးသည့်

SSB/Income Tax Contribution ကိုလည်း ဝန်ဆောင်မှု့ အသစ်အနေဖြင့် သီးသန့် ရယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
အသေးစိတ် ဆက်သွယ်မေးမြန်းလိုပါက
+959 258289804 သို့ ရုံးချိန် (8:30 AM – 5:15PM) အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါပြီ