𝐉𝐨𝐛 𝐁𝐮𝐫𝐧𝐨𝐮𝐭 ဆိုတာဘာလဲ?
လုပ်ဖော်ကိုင်ဖက်များ၊ clientတွေနဲ့ပတ်သက်ပြီးစိတ်မရှည်ခြင်းတွေ ဖြစ်နေပြီလား❓
အလုပ်ရောက်တာနဲ့ Laptop တောင်မဖွင့်ချင်တော့လောက်အောင် ဖြစ်နေပြီလား❓
စိတ်ဓာတ်ကျကာ လုပ်နေတဲ့ အလုပ်နှင့် ပတ်သက်ပြီးမေးခွန်းတွေထုတ်နေမိပြီလား❓
ကိုယ့်ရဲ့လုပ်နိုင်စွမ်းတွေအပေါ် စိတ်ကျေနပ်မှု မရှိတော့ဘူးလား❓
အလုပ်ပင်ပန်းမှုကြောင့် အအိပ်ပျက်၊ အစားပျက်ကာ စိတ်ရောကိုယ်ပါပင်ပန်းနေပြီလား❓
ဒါဆိုရင်တော့ သင်ဟာ Job Burnout ဖြစ်နေတာပါ။
Job burnoutဆိုတာကတော့ အလုပ်နဲ့ပတ်သက်တဲ့ စိတ်ဖိစီးမှုတွေကို ကြာရှည်စွာ ခံစားလာရခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှု အခြေအနေတစ်ခုဖြစ်ပါတယ်။
Job Burnout ဖြစ်ပေါ်စေနိုင်တဲ့ အကြောင်းအရင်းများကတော့
✅ ကိုယ့်ရဲ့အလုပ်တွေ၊ schedule တွေ၊ meetingတွေကို ကောင်းစွာ စီမံခန့်ခွဲနိုင်မှု မရှိတော့ခြင်းနှင့် အလုပ်ကနေရတဲ့stressကိုကောင်းစွာhandleမလုပ်နိုင်ခြင်း
✅ ကိုယ့်အနေနဲ့အလုပ်မှာတစ်ယောက်တည်းဖြစ်နေတယ်လို့ ခံစားလာရခြင်း၊ လုပ်ကိုင်ဖော်ဖက်များ (သို့) Client များနှင့် မကြာခဏ အငြင်းပွားမှုများ ဖြစ်လာခြင်း
✅ လုပ်နေကြအလုပ်ကို ငြီးငွေ့လာခြင်း၊ လုပ်ကိုင်နိုင်စွမ်းများကျဆင်းလာခြင်း၊
✅ အလုပ်နဲ့ Personal Life ကြားမှာ ညီတူညီမျှမဖြစ်ခြင်း၊ အလုပ်ချိန်များနေပြီး ကိုယ့်အတွက်ကိုအချိန်မပေးနိုင်တော့ခြင်း စတဲ့အရာတွေဖြစ်ပါတယ်။
Job burnout ရဲ့ဖြစ်နိုင်တဲ့အကျိုးဆက်တွေကတော့-
❗️ ညအိပ်မပျော်ခြင်း
❗️ မကြာခဏ ဝမ်းနည်းခြင်း၊ဒေါသဖြစ်ခြင်း
❗️ စိတ်ဖိစီးမှုကိုအလွန်အမင်းခံစားရခြင်း
❗️ အားအင်ကုန်ခမ်းပြီး ပင်ပန်းနွမ်းနယ်ခြင်း
❗️ စိတ်ကျရောဂါ စတာတွေပဲဖြစ်ပါတယ်။
Job burnout ဖြစ်တာတွေကို ဘယ်လို handle လုပ်ရမလဲ❓
➡️မိမိကိုယ်ကို ဉီးစားပေးပါ
➡️ပုံမှန်အနားယူခြင်း၊ လုံလောက်စွာအိပ်စက်ပါကျန်းမာရေးနှင့်ညီညွတ်စွာ စားသောက်ခြင်းနှင့် အပန်းဖြေခြင်း စသည့် Daily Routine လေးတွေကို ပြောင်းလဲလုပ်ဆောင်ခြင်းဖြင့် မိမိကိုယ်ကို ဂရုစိုက်မှုကို ဦးစားပေးပါ။
➡️ရက်ရှည်အနားယူပါ
➡️ခရီးထွက်ခြင်းကလည်း အလုပ်ပင်ပန်းနွမ်းနယ်မှုအတွက် ဆေးတစ်လက်ပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ အားလပ်ရက်များကို အချိန်ဇယားဆွဲပြီး ပင်ပန်းနွမ်းနယ်မှုပြေပျောက်စေမယ့် အပန်းဖြေ Activity လေးတွေ၊ ဝါသနာပါတဲ့ အရာလေးတွေကို လုပ်ဆောင်ကြည့်ပါ။
➡️အကူအညီရယူပါ
➡️လုပ်ကိုင်ဖော်ဖက်များ၊ သူငယ်ချင်းများ၊ ကိုယ်ယုံကြည်ရသော သူများထံကို ရင်ဖွင့်ပါ။ စိတ်ပိုင်းဆိုင်ရာ အကူအညီများရယူပါ။
➡️စိတ်ဖိစီးမှုကိုလျော့ချနိုင်မယ့် နည်းလမ်းများကို လုပ်ဆောင်ကြည့်ပါ။
➡️ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်း၊ Journal ရေးခြင်း နှင့် ကိုယ်လက်လှုပ်ရှားများ ကဲ့သို့သော စိတ်ဖိစီးမှုများကို ဖြေလျော့ပေးနိုင်သည့် activitiesတွေကိုလေ့လာလုပ်ဆောင်ပေးပါ။
➡️အချိန်သတ်မှတ်ပါ။
➡️နေ့စဉ်လုပ်ငန်းဆောင်တာများကို လုပ်ဆောင်တဲ့ အခါမှာ schedule ဆွဲကာ ဘယ်အရာလေးတွေကိုတော့အရင်ဆုံးဦးစားလုပ်မယ်၊ ဘယ်လိုအရာတွေကိုတော့အချိန်ရသေးတယ် စောင့်လို့ရသေးရင်ဖြည်းဖြည်းချင်းတစ်ခုစီလုပ်ကြည့်ပါအလုပ်ချိန်နဲ့ ကိုယ်ပိုင်အချိန်ကို သေချာစွာခွဲခြားပါ
Job Burnout ဖြစ်နေတယ်လို့ ခံစားနေရပြီဆိုရင်တော့ အခုပြောပြပေးသွားခဲ့တဲ့ အချက်လေးတွေကို ပုံမှန်လေး လုပ်ဆောင်ကြည့်ခြင်းဖြင့် Job Burnout ဖြစ်ခြင်းမှ ကာကွယ်လိုက်ပါနော်။
#Ammon #Job_Burnout
